Good Brothers’ Co., Ltd မှ တိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးရဲ့ အနာဂတ်မှာ ထွန်းတောက်လာမည့်လူငယ်များအတွက် ရည်ရွယ်၍ မုံရွာစီးပွားရေးတက္ကသိုလ် တွင် ပညာသင်ယူနေသော ကျောင်းသား/သူ (၁၀)ဦးအား နှစ်စဉ်ကျင်းပမြဲဖြစ်သော Scholarship ပညာသင်ထောက်ပံ့ကြေး ဆုချီးမြှင့်ပွဲ အခမ်းအနားကို(14.3.2019) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယခု ၂၀၁၉ ခုနှစ်တွင် နှစ်စဉ်ပေးအပ်မြဲဖြစ်သော ပညာသင်ဆုများအပြင် Dongben Brand သုံးဘီးဆိုင်ကယ် ကိုလည်း မုံရွာစီးပွားရေးတက္ကသိုလ်သို့ လှူဒါန်းခဲ့ပါသည်။
